Monday, September 30, 2013

1 သွေးအားနည်းရောဂါ ကာကွယ်ပါ


Jangan Lupa Tinggalkan Komentar Kalian Ya...!!!
 
မိန်းကလေးတွေမှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါ ဆိုတာ တစ်သျှူးတွေ ဆီကို အောက်ဆီ ဂျင်အလုံ အလောက် သယ်ယူနိုင်တဲ့ ကျန်းမာတဲ့ သွေးနီဥတွေ မရှိတဲ့ အခြေအနေပါ။ ဒါကြောင့် သွေး အားနည်း ရောဂါဖြစ်ရင် မောပန်းနုံးချည့်နေတတ်ပါ တယ်။ သွေးထွက်များ ရင်လည်း သွေးအားနည်းတတ် ပါတယ်။
သွေးအားနည်းတဲ့ အခါ အဖြစ်များတဲ့ လက္ခ ဏာတွေ ကတော့ နုံးချည့်ညောင်းညာတာ၊ အသား အရောင်ဖျော့တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူမဝ တာ၊ ရငတ်တာ အာခေါင်ခြောက်တာ၊ မူး ဝေတာ၊ လက် ဖျားခြေ ဖျား အေးစက်တာ၊ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါ တယ်။ မိန်းကလေးအများစုဟာ သွေးအားနည်းနေတဲ့ အခါ အစပိုင်းမှာ သတိမထား မိတတ်ကြပါဘူး။ အခြေအနေဆိုး လာမှသာ စစ်ဆေးရင်းသိရှိတာများ ပါတယ်။
သွေးအားနည်းရောဂါ မဖြစ်စေဖို့ အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ သွေးအားနည်းရောဂါ အမျိုးအစား အများစုက ကာကွယ်လို့ ရပါတယ်။ သံဓာတ်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါနဲ့ ဗီတာမင်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါတွေ အတွက် အောက်ပါ အစာ တွေ စားပေးပါ။
သံဓာတ် - သံဓာတ်များတဲ့ အမဲသားနဲ့ တခြား အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးခြောက် တွေကို စားပါ။ ဖော်လိတ် - ဖောလိတ် (ဖောလစ်အက်စစ်) ဓာတ် ကို ချဉ်တဲ့ သစ်သီးတွေနဲ့ သစ်သီးဖျော်ရည်တွေ၊ ငှက်ပျောသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ပဲသီး၊ ကွေကာနဲ့ ခေါက်ဆွဲတွေ စားပြီး ရယူနိုင်ပါ တယ်။
ဗီတာမင် B 12 - ဒီဗီတာမင် ရရှိစေဖို့ အသား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို စားပါ။ ကွေကာ တချို့နဲ့ ပဲနို့ လို ပဲပုပ်စေ့ထွက်ကုန် အစားအသောက်တွေ ထဲမှာ လည်း ဗီတာမင် B12 ပါဝင်ပါတယ်။
ဗီတာမင်စီ- ဗီတာမင်စီ ပါဝင်တဲ့ ချဉ်တဲ့ သစ်သီး တွေ၊ ဖရဲသီးနဲ့ ဘယ်ရီသီးတွေဟာ သံဓာတ်စုပ်ယူမှုကို အားကောင်း စေပါတယ်။(ကျန်မာရေးဆောင်းပါးမှပြန်လည်မျှဝေပါသည်)

1 comments:

Anonymous said...

သွေးအားနည်းရောဂါ ကာကွယ်ပါ >>>>> Download Now

>>>>> Download Full

သွေးအားနည်းရောဂါ ကာကွယ်ပါ >>>>> Download LINK

>>>>> Download Now

သွေးအားနည်းရောဂါ ကာကွယ်ပါ >>>>> Download Full

>>>>> Download LINK

Post a Comment